Labels

Sunday, October 28, 2012

အမှောင်ထုထဲက အမှန်တရား

ပြက္ခဒိန်ပေါင်းများစွာ အမှန်တရားတစ်ခုကို ငါရှာဖွေနေခဲ့တယ်...... ချမ်းသာခြင်း(သုခ)တွေ နောက်က ဆင်းရဲခြင်း(ဒုက္ခ)တွေကို ငါတွေ့ခဲ့.... ချစ်ခြင်းမေတ္တာတွေ နောက်က မုန်းတီးခြင်းတွေကို ငါတွေ့ခဲ့...... အောင်မြင်မှု့တွေ နောက်က ကျရှုံးခြင်းတွေကို ငါတွေ့ခဲ့....... ပျော်ရွှင်မှု့တွေ နောက်က ဝမ်းနည်းပူဆွေးမှု့တွေကို ငါတွေ့ခဲ့..... ငြိမ်းချမ်းမှု့တွေ နောက်က ရန်ပွဲ(စစ်ပွဲ)တွေကိုလဲ ငါတွေ့ခဲ့ရတယ်... လောဘ၊ဒေါသ၊မောဟတွေနဲ့ မှောင်နေတဲ့ ငါတို့ကမ္ဘာကြီးရဲ့ အမှောင်ထုထဲ ဖြတ်ကျော်ရင်းချော်ကျသူတွေ အမှောင်ထုထဲ လမ်းလျှောက်ရင်းလမ်းပျောက်သူတွေ အမှောင်ထုထဲ ရုန်းကန်ရင်းပျောက်ကွယ်သွားသူတွေ အမှောင်ထုထဲ စိန်ခေါ်ရင်းကျရှုံးသွားသူတွေကိုလည်း ငါတွေ့ခဲ့ရတယ်.... ငါရှာဖွေနေတဲ့ အမှန်တရားဟာလည်း အမှောင်ထုထဲ ပျောက်ကွယ်ရင်း ပျောက်ဆုံးနေခဲ့.. ကိုသန်း

စိတ်ဖြေရာ

မှောင်ရီဝိုးတဝါး မီးရောင်စုံတွေကြား မြူးကြွနေတဲ့ တေးသွား၊သံစဉ်မှာ စီးမျောရင်း ငါတို့ရဲ့ခန္ဓာကိုယ်တခုလုံး စည်းချက်နဲ့အတူ လှုပ်ရှားကာ ငါတို့ 'က'နေ၏..... ရီဝေဝေမျက်လုံးတွေက အဖြူ၊အမဲမသဲကွဲ ငါတို့အားလုံးဟာ လွတ်နေကြ ဒီအချိန် အတိတ်ကိုဘယ်သူမှပြန်မတွေး အနာဂတ်ကို ဘယ်သူမှမစဉ်းစား အရာအားလုံးကို ခေါက်ထားရင်း ငါတို့ 'က' နေ၏...... မှောင်နေနိုင်တဲ့ ငါတို့ရဲ့မနက်ဖြန်တွေကို မျှော်ကြည့်မနေပါနဲ့....... နောင်တတွေနဲ့လည်း တွေဝေမနေပါနဲ့... မညီမျှခြင်းတွေနောက်က နာကျင်ခြင်းတွေကို ခဏမေ့ထားလိုက်...... တဘဝစာထဲမှ ခဏတာဒီအချိန်လေးကို ဖိစီးမှု့၊တင်းကြပ်မှု့တွေနဲ့ ဝေးရာဒီနေရာမှာ မနက်ဖြန်တိုင်းကို အပြစ်မဲ့စွာလျှောက်လှမ်းနိုင်ဖို့ ငါတို့နဲ့အတူ 'က'လိုက်ပါ... ကိုသန်း

Wednesday, October 24, 2012

ကြယ်ကြွေဆုတောင်း

အလွမ်းအဆွေး အိမ်မက်တွေက
ငါနိုးထလာမိတဲ့ အချိန်တိုင်းမှာ
ကောင်းကင်ထက်က ကြယ်တွေကိုပဲ
မော့ကြည့်နေခဲ့မိတယ် ချစ်သူ.......
ကြယ်ကြွေတိုင်း ငါဆုတောင်းနေခဲ့တယ်
မင်းနဲ့ငါ ပြန်ဆုံမယ့်နေ့ကိုပေါ့......

မျှော်လင့်ခြင်းရှိုက်သံ


ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရင်း
ငါတို့ရဲ့ မျော်လင့်ခြင်းအိမ်မက်တွေက မှုန်ဝါးဝါး
အလင်းရောင်အောက်မှာ သေဆုံးပြီးရင်း သေဆုံး...
မတူညီတဲ့အိမ်မက်တွေကို ညီမျှခြင်းချဖို့ကြိုးစားရင်း
ငါတို့လျှောက်မယ့်လမ်းတွေ ပျောက်ဆုံးနေခဲ့ပြီ..
ပေးပါ...ပေးပါ..ငါတို့ကို ချစ်ခြင်းမေတ္တာတွေပေးပါ..
ပေးပါ...ပေးပါ..ငါတို့ကို လွတ်လပ်ခြင်းတွေပေးပါ

ခံစားမှု့နောက်ကွယ်မှ ဆုတောင်းသံ


ဒုက္ခတွေကို ထမ်းပိုးရင်း
အလျှောက်ပျက်ခဲ့တဲ့လမ်း
အပျက် အပျက်နဲ့
နှာခေါင်းသွေးထွက်ရင်း
ငါတို့ဘဝတွေ ပျက်ခဲ့ရ
မျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရ
သစ္စာတရားတွေ ဆိတ်သုန်းခဲ့ကြ
လမ်းတွေ ပျောက်ဆုံးခဲ့ကြ
တိုးတက်မလာခဲ့တဲ့
ပြောင်းလဲမှု့တွေကြား
မျက်စိ၊နားတွေ အပိတ်ခံခဲ့ရ
ဒါတောင်အဟောင်းတွေက
ကောင်းနေကြသတဲ့လား.....
ပျက်ပြီးရင်းပျက်နေတဲ့
ပုံစံခွက်ထဲ ခေါင်းစိုက်နေရတဲ့
အဖြစ်တွေနဲ့ နှလုံးသားတွေဟာ
တဆတ်ဆတ်နာခဲ့ပြီ။