Labels

Sunday, October 28, 2012

အမှောင်ထုထဲက အမှန်တရား

ပြက္ခဒိန်ပေါင်းများစွာ အမှန်တရားတစ်ခုကို ငါရှာဖွေနေခဲ့တယ်...... ချမ်းသာခြင်း(သုခ)တွေ နောက်က ဆင်းရဲခြင်း(ဒုက္ခ)တွေကို ငါတွေ့ခဲ့.... ချစ်ခြင်းမေတ္တာတွေ နောက်က မုန်းတီးခြင်းတွေကို ငါတွေ့ခဲ့...... အောင်မြင်မှု့တွေ နောက်က ကျရှုံးခြင်းတွေကို ငါတွေ့ခဲ့....... ပျော်ရွှင်မှု့တွေ နောက်က ဝမ်းနည်းပူဆွေးမှု့တွေကို ငါတွေ့ခဲ့..... ငြိမ်းချမ်းမှု့တွေ နောက်က ရန်ပွဲ(စစ်ပွဲ)တွေကိုလဲ ငါတွေ့ခဲ့ရတယ်... လောဘ၊ဒေါသ၊မောဟတွေနဲ့ မှောင်နေတဲ့ ငါတို့ကမ္ဘာကြီးရဲ့ အမှောင်ထုထဲ ဖြတ်ကျော်ရင်းချော်ကျသူတွေ အမှောင်ထုထဲ လမ်းလျှောက်ရင်းလမ်းပျောက်သူတွေ အမှောင်ထုထဲ ရုန်းကန်ရင်းပျောက်ကွယ်သွားသူတွေ အမှောင်ထုထဲ စိန်ခေါ်ရင်းကျရှုံးသွားသူတွေကိုလည်း ငါတွေ့ခဲ့ရတယ်.... ငါရှာဖွေနေတဲ့ အမှန်တရားဟာလည်း အမှောင်ထုထဲ ပျောက်ကွယ်ရင်း ပျောက်ဆုံးနေခဲ့.. ကိုသန်း

No comments:

Post a Comment