Labels

Wednesday, October 24, 2012

ကြယ်ကြွေဆုတောင်း

အလွမ်းအဆွေး အိမ်မက်တွေက
ငါနိုးထလာမိတဲ့ အချိန်တိုင်းမှာ
ကောင်းကင်ထက်က ကြယ်တွေကိုပဲ
မော့ကြည့်နေခဲ့မိတယ် ချစ်သူ.......
ကြယ်ကြွေတိုင်း ငါဆုတောင်းနေခဲ့တယ်
မင်းနဲ့ငါ ပြန်ဆုံမယ့်နေ့ကိုပေါ့......


ရေမြေခြားနေတဲ့ ငါတို့ဘဝတွေ
ဆုံဆည်းခွင့်ရှိသေးရဲ့လား ချစ်သူ.....
တနေ့နေ့၊တချိန်ချိန်မှာ ပြန်ဆုံကြမယ့်
ငါတို့ရဲ့ဆုတောင်းတွေ ပြည့်နိုင်ပါ့မလား
အချိန်ရှိတိုင်းမင်းကို လွမ်းနေရုံကလွဲလို့
ငါဘာတွေများ တတ်နိုင်ခဲ့လို့လဲ....

လွမ်းခဲ့ရတဲ့ ရက်၊လ၊နှစ်တွေတိုင်းမှာ
မျှော်လင့်ခြင်းနဲ့ အသက်ဆက်နေတဲ့ငါ
အိမ်မက်တွေနဲ့ အိပ်ပျက်နေတဲ့ငါ
ကြယ်ကြွေတိုင်း ဆုတောင်းနေတဲ့ငါ
ငါ့ဆုတောင်းတွေ ထပ်နေခဲ့လို့လား
ကြယ်တွေတောင် ငါ့ကိုတွေ့ရင်
ကြွေကျဖို့ စဉ်းစားနေကြပြီ။

ကိုသန်း

No comments:

Post a Comment