Labels

Wednesday, October 24, 2012

မျှော်လင့်ခြင်းရှိုက်သံ


ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရင်း
ငါတို့ရဲ့ မျော်လင့်ခြင်းအိမ်မက်တွေက မှုန်ဝါးဝါး
အလင်းရောင်အောက်မှာ သေဆုံးပြီးရင်း သေဆုံး...
မတူညီတဲ့အိမ်မက်တွေကို ညီမျှခြင်းချဖို့ကြိုးစားရင်း
ငါတို့လျှောက်မယ့်လမ်းတွေ ပျောက်ဆုံးနေခဲ့ပြီ..
ပေးပါ...ပေးပါ..ငါတို့ကို ချစ်ခြင်းမေတ္တာတွေပေးပါ..
ပေးပါ...ပေးပါ..ငါတို့ကို လွတ်လပ်ခြင်းတွေပေးပါ

တစာစာအော်ရင်း ငါတို့အကြိမ်ကြိမ်လဲကျသေဆုံးခဲ့ကြ
မီးခဲပြာဖုံးဖြစ်နေတဲ့ ငါတို့နေထိုင်ရာ မြို့..ဒီမြို့ထဲမှာ
ငါတို့ရဲ့ နှလုံးသွေးတွေဟာ တမြှေ့မြှေ့လောင်မြိုက်ဆဲ..
မီးတောက်တွေက ငါတို့ဘ၀တွေကို ၀ါးမျိုနေကြပြီ..
ဆာလောင်မွတ်သိပ်မှု့တွေနဲ့ တဖျစ်တောက်တောက်
ငြီးတွားရင်း ငါတို့ရဲ့ရှိုက်သံတွေ ကျယ်လောင်ပြင်းရှနေပြီ
ပေးပါ...ပေးပါ..ငါတို့ကို အခွင့်အရေးတွေပေးပါ..
ပေးပါ...ပေးပါ..ငါတို့ကို ငြိမ်းချမ်းခြင်းတွေပေးပါ..
ဆို့နင့်ကြေကွဲစွာအော်ရင်း မှိန်ပြပြအလင်းတန်းအောက်
သက်ပြင်းချသံတွေ ငြီးတွားရှိုက်သံတွေကြား
မျှော်လင့်ခြင်း အလင်းရောင်ကို ဘယ်လိုရှာရမလဲ။

ကိုသန်း

No comments:

Post a Comment