Labels

Wednesday, October 24, 2012

ခံစားမှု့နောက်ကွယ်မှ ဆုတောင်းသံ


ဒုက္ခတွေကို ထမ်းပိုးရင်း
အလျှောက်ပျက်ခဲ့တဲ့လမ်း
အပျက် အပျက်နဲ့
နှာခေါင်းသွေးထွက်ရင်း
ငါတို့ဘဝတွေ ပျက်ခဲ့ရ
မျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့ရ
သစ္စာတရားတွေ ဆိတ်သုန်းခဲ့ကြ
လမ်းတွေ ပျောက်ဆုံးခဲ့ကြ
တိုးတက်မလာခဲ့တဲ့
ပြောင်းလဲမှု့တွေကြား
မျက်စိ၊နားတွေ အပိတ်ခံခဲ့ရ
ဒါတောင်အဟောင်းတွေက
ကောင်းနေကြသတဲ့လား.....
ပျက်ပြီးရင်းပျက်နေတဲ့
ပုံစံခွက်ထဲ ခေါင်းစိုက်နေရတဲ့
အဖြစ်တွေနဲ့ နှလုံးသားတွေဟာ
တဆတ်ဆတ်နာခဲ့ပြီ။


ခါးသီးမှု့တွေကြား အံကြိတ်လျှောက်ရင်း
ငါတို့တွေ ဘာများတတ်နိုင်ခဲ့လို့လဲ
ယမ်းတစ်ချက်မဖောက်ပဲ
စစ်ပွဲတစ်ပွဲကို အနိုင်ယူဖို့
ကြိုးစားနေတော့ အောင်မြင်မှု့ဆိုတာ
ဝေးခဲ့ရပြီပေါ့.........
အရိပ်နေနေ အခက်ချိုးချိုး ပုံစံမျိုးတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရော
စိတ်ဓာတ်တွေနဲ့ ငါတို့တတွေရဲ့
လည်ချောင်းသွေးတွေ ဖေါက်ထုတ်ခံခဲ့ရ
ဒါတောင်နာမည်ကောင်းနဲ့ သမိုင်းသစ်တခုကို
သင်တို့ စိုက်ထူချင်နေကြတုန်း....

ငါတို့အတွက် သင်တို့ရဲ့
မေတ္တာတရားတွေ မလိုအပ်တော့...
သင်တို့ရဲ့သစ္စာစကားတွေကို
မယုံကြည်တော့.....
သင်တို့ရဲ့ဆုတောင်းတွေကို
မကြားချင်တော့ပြီ.....
ညီညီညွှတ်ညွှတ်နဲ့ လက်ချင်းဆက်လို့
ငါတို့မြန်မာပြည် ငြိမ်းချမ်းပါစေ.....
ငါတို့မြန်မာပြည် သာယာပါစေ....
ဆုတောင်းသံတွေ လျှံဝေရင်း
ငါတို့မြန်မာပြည် အတွက်
ငါတို့ဆုတောင်းတွေ ပြည့်ဝနိုင်ကြပါစေ.......

ကိုသန်း

No comments:

Post a Comment