Labels

Sunday, October 28, 2012

စိတ်ဖြေရာ

မှောင်ရီဝိုးတဝါး မီးရောင်စုံတွေကြား မြူးကြွနေတဲ့ တေးသွား၊သံစဉ်မှာ စီးမျောရင်း ငါတို့ရဲ့ခန္ဓာကိုယ်တခုလုံး စည်းချက်နဲ့အတူ လှုပ်ရှားကာ ငါတို့ 'က'နေ၏..... ရီဝေဝေမျက်လုံးတွေက အဖြူ၊အမဲမသဲကွဲ ငါတို့အားလုံးဟာ လွတ်နေကြ ဒီအချိန် အတိတ်ကိုဘယ်သူမှပြန်မတွေး အနာဂတ်ကို ဘယ်သူမှမစဉ်းစား အရာအားလုံးကို ခေါက်ထားရင်း ငါတို့ 'က' နေ၏...... မှောင်နေနိုင်တဲ့ ငါတို့ရဲ့မနက်ဖြန်တွေကို မျှော်ကြည့်မနေပါနဲ့....... နောင်တတွေနဲ့လည်း တွေဝေမနေပါနဲ့... မညီမျှခြင်းတွေနောက်က နာကျင်ခြင်းတွေကို ခဏမေ့ထားလိုက်...... တဘဝစာထဲမှ ခဏတာဒီအချိန်လေးကို ဖိစီးမှု့၊တင်းကြပ်မှု့တွေနဲ့ ဝေးရာဒီနေရာမှာ မနက်ဖြန်တိုင်းကို အပြစ်မဲ့စွာလျှောက်လှမ်းနိုင်ဖို့ ငါတို့နဲ့အတူ 'က'လိုက်ပါ... ကိုသန်း

No comments:

Post a Comment